" Mathematics " / ÷ × ½ √ ∞ ≠ ≤ ≥ ≈ ⇒ ± ∈ Δ θ ∴ ∑ ∫ • π ƒ -1 2 3 ..0: Computer ( ကွန်ပျူတာ )

Pages

Tuesday, February 2, 2010

Computer ( ကွန်ပျူတာ )





Computer ( ကွန်ပျူတာ )
ဤဝေါဟာရသည် ကမ္ဘာပေါ်တွင် ကွန်ပျူတာစက်များ မပေါ်ပေါက်မီကပင်
ရှိခဲ့သော ဝေါဟာရဖြစ်ပါတယ် ။ Computer ဟူသော ဝေါဟာရကို
အဘိဓာန်တွင် ဤသို့ အဓိပ္ပာယ်ဖွင့်ထားပါတယ် ။
Computer (noun) = one that computes: a person or thing that computes; mechanical or electronic apparatus capable of carrying out repetitious and highly complex mathematical operations at high speeds.
Compute (verb) = calculate: reckon; determine by calculation; count; estimate.
ကွန်ပျူတာဟူသည် တွက်ချက်သောသူ ( သို့မဟုတ် )
ပစ္စည်းတွက်ချက်ရာတွင် သုံးသောစက် ( သို့မဟုတ် )
လျှပ်စစ်ပစ္စည်းကို ခေါ်သည် ။



ဂျာမန် စာရေးဆရာနှင့် ဒဿနပညာရှင် Novalis က သင်္ချာနှင့်
ကွန်ပျူတာတို့ နှင့် ပတ်သတ်၍ ဤသို့ဆိုထားတယ် ။


One may be a mathematician of the first rank without being
able to compute. It is
possible to be a great computer without
having the slightest be a idea of mathematics.


ဂဏန်းလုံးဝ မတွက်တတ်ဘဲ ၊ ပထမတန်းစာ သင်္ချာပညာရှင် ဖြစ်နိုင်သည် ။
ထိုနည်းတူစွာပင် ဂဏန်းတွက်ရာတွင် အလွန်ကျွမ်းကျင်ပြီး သင်္ချာလုံးဝ
မတတ်ဘဲလည်း ဖြစ်နိုင်သည် ။

ဤတွင် သူဆိုလိုသောသင်္ချာမှာ Pure Mathematics ခေါ်သော
အတွေးအခေါ်ကို ဦးစားပေးသည့် သင်္ချာဖြစ်သည် ။


မည်သို့ပင်ဖြစ်စေကာမူ ယခုခေတ်သည် Computer Age ခေါ် ကွန်ပျူတာခေတ်
ဖြစ်နေသည်မှာ မငြင်းနိုင်ချေ ။ ယခုခေတ်တွင် ကွန်ပျူတာကို သုံးသော
နေရာများသည် ဟင်းချက်ရာတွင်လည်းကောင်း ၊ စာရင်းမှတ်ရာတွင်လည်းကောင်း ၊
အချက်အလက်များ စုဆောင်းရာတွင်လည်းကောင်း ၊ ဒုံးပျံလွှတ်တင်ရာတွင်
လည်းကောင်း သုံးလျက်ရှိရာ ၊ ကွန်ပျူတာ မသုံးသောနေရာဟူ၍
မရှိသလောက်ကို ရှားပါးနေပါတယ်ဗျာ.. ။

0 comments: