" Mathematics " / ÷ × ½ √ ∞ ≠ ≤ ≥ ≈ ⇒ ± ∈ Δ θ ∴ ∑ ∫ • π ƒ -1 2 3 ..0: Equality ( တူညီခြင်း )

Pages

Tuesday, February 2, 2010

Equality ( တူညီခြင်း )

သင်္ချာမှာ Equality ကို တူညီခြင်း ဟု အဓိပ္ပာယ်ရပါတယ် ။ အရာဝတ္တုတစ်ခု နှင့်
တစ်ခု တူသောအခါ ( ညီမျှခြင်း ) = ဟူသော သင်္ကေတကို သုံးသည် ။



သင်္ချာတွင် တူညီခြင်း သဘောတရားသည် အလွန်ရှင်းလင်း လွယ်ကူသော်လည်း
တစ်ခါတစ်ရံ အလွန်နက်နဲပြီး နားလည်ရန် ခက်ခဲလှပါတယ် ။

ဂဏန်းသင်္ချာတွင် ဘယ်ဘက်နှင့် ညာဘက် တူညီသောအခါတွင် သုံးသည် ။

ဥပမာ ။ ။
2 + 3 = 5
6 * 7 = 42


အက္ခရာသင်္ချာတွင် အဓိပ္ပာယ်နှစ်မျိုးဖြင့် သုံးတတ်သည် ။
တစ်မျိုးမှာ ဘယ်ဘက်နှင့် ညာဘက် အမြဲတမ်းတူသည့်အခါတွင် သုံးသည် ။
ဥပမာ ။ ။

(a+b)^2 = a^2 + 2ab + b^2
(a+b) (a-b) = a^2 - b^2

ဤပုံသေနည်းများသည် ကိန်းစစ်တန်ဖိုး a နှင့် b အားလုံးအတွက်
တူညီခြင်းကို ပြသည် ။ အမြဲတမ်းမတူသော်လည်း တစ်ခါတစ်ရံသာ
တူသည့် အခါတွင်လည်း သုံးသည် ။
ဥပမာ ။ ။

x + 1 = 5

ဟူသော ညီမျှခြင်းသည် အမြဲတမ်းမမှန်ချေ ။ တစ်ခါတစ်ရံသာ မှန်သည် ။
တိတိကျကျပြောရလျှင် x = 4 ဖြစ်သောအခါတွင်သာ မှန်သည် ။
တစ်ခုကိုယ်စား တစ်ခုကိုအစားထိုး၍ သုံးခွင့်ရှိသော အခါတွင်လည်း
တူညီခြင်းလက္ခဏာကို သုံးသည် ။
ဥပမာ ။ ။

x = y

ဟု ရေးထားလျှင် x ကိုယ်စား y ကို လည်းကောင်း ၊
y ကိုယ်စား x ကိုလည်းကောင်း အစားထိုး၍ သုံးခွင့်ရှိသည်ဟု
ဆိုလိုသည် ။

x = y ဖြစ်လျှင်
x + 1 = y + 1
x^2 = y^2
sin x = sin y
log x = log y

ဟူ၍ x ရှိသည့် နေရာတိုင်းကို y အစားထိုးခွင့် ရှိသည် ။

တစ်ခါတစ်ရံတွင်.. တကယ်မတူသော်လည်း ခန့်မှန်းခြေအားဖြင့်
နီးပါးတူညီသည့်အခါ လက်တွေ့ နယ်ပယ်တွင် ကိုယ်စားအစားထိုး
သုံးနိုင်သော အခါတွင် သုံးသည် ။

ဥပမာ ။ ။

= 22/7 = 3.1416 တွင်

သည် 22/7 နှင့် ဧကန်တကယ် မတူပါ ။

22/7 ကို ရှင်းလင်းလျှင်လည်း 3.1416 မရရှိပါ ။ သို့သော် ခန့်မှန်းခြေ အားဖြင့်
နီးပါးတူညီပြီး ၊ လက်တွေ့နယ်ပယ်တွင် တစ်ခုကိုယ်စား တစ်ခုကို အစားထိုး
သုံးနိုင်သောကြောင့် equality sign ( = ) (ညီမျှခြင်း သင်္ကတ) ကို သုံးထားသည် ။

အဆင့်မြင့် သင်္ချာတွင် -

equality of sets
equality of functions
isomorphism

ဟူသောသဘောတရားများကို ပြသရာတွင်လည်း equality sign ( = )
(ညီမျှခြင်းလက္ခဏာ)ကို သုံးသေးသည် ။ ထို့ကြောင့် သင်္ချာနယ်ပယ်တွင်
ညီမျှခြင်းသဘောတရားသည် လွယ်မလိုနှင့် ခက်ခဲနက်နဲသည်ကို
သိရှိထားဖို့လိုအပ်ပါတယ် ။

0 comments: