" Mathematics " / ÷ × ½ √ ∞ ≠ ≤ ≥ ≈ ⇒ ± ∈ Δ θ ∴ ∑ ∫ • π ƒ -1 2 3 ..0: Even Number နှင့် Odd Number ( စုံကိန်း ၊ မကိန်း )

Pages

Saturday, January 23, 2010

Even Number နှင့် Odd Number ( စုံကိန်း ၊ မကိန်း )



Even Number ::
2
ဖြင့်စား၍ ပြတ်သောကိန်းဂဏန်းများကို စုံဂဏန်း Even Number ဟု ခေါ်ပါတယ် ။
2, 4, 6, 8, 10, 12, 14, 16, 18, ........ တို့သည် Even Number များ ဖြစ်ကြသည်။
ကိန်းဂဏန်းတစ်ခုသည် 0, 2, 4, 6, 8, တို့ထဲတွင် တစ်ခုခုဖြင့်
အဆုံးသတ်ပါက ထိုကိန်းသည် Even Number ဖြစ်၏။

ဥပမာ 176405260 သည် Even Number ဖြစ်၏။
71256
သည်လည်း Even Number ဖြစ်၏။
Even Number နှင့်ပတ်သတ်၍ အလွန်အငြင်းပွားရသော...
မေးခွန်း တစ်ခုရှိတယ် ။

ဝ (သုည) သည် Even Number ဖြစ်ပါသလား ။
ထိုမေးခွန်း၏ အဖြေသည် အဓိပ္ပာယ်သတ်မှတ်သူ၏
ယူဆချက်အပေါ်တွင် မူတည်သည် ။
ထို့ကြောင့် ထိုမေးခွန်း၏ အဖြေကို ဤသို့ပေးနိုင်၏။
အကယ်၍ Even Number များပါဝင်သော အစုထဲတွင်
0 (သုည) ကို ထည့်သွင်းထားလျှင် 0 (သုည) သည်
Even Number ဖြစ်၏ ။
ထိုသို့မဟုတ်လျှင် 0 (သုည) သည် Even Number မဖြစ်ချေ ။


Even Number and Odd Number ::














Odd Number ::
2 ဖြင့် စား၍မပြတ်သော ကိန်းဂဏန်းများကို မဂဏန်း
( odd number ) ဟုခေါ်ပါတယ် ။
1, 3, 5, 7, 9, 11, 13, 15, 17,... တို့သည် Odd Number များ ဖြစ်၏။
ဂဏန်းတစ်ခုသည် Odd Number ဟုတ် ။ မဟုတ် လွယ်ကူစွာ သိနိုင်၏။
ဂဏန်းတစ်လုံးသည် 1, 3, 5, 7, 9 , တစ်ခုခုဖြင့်ဆုံးလျှင် ထိုဂဏန်းသည်
Odd Number များဖြစ်၏။
ထို့ကြောင့် 75, 81, 109 တို့သည် Odd Number များ ဖြစ်၏။

0 comments: