" Mathematics " / ÷ × ½ √ ∞ ≠ ≤ ≥ ≈ ⇒ ± ∈ Δ θ ∴ ∑ ∫ • π ƒ -1 2 3 ..0: Natural Numbers ( သဘာဝကိန်း )

Pages

Wednesday, January 20, 2010

Natural Numbers ( သဘာဝကိန်း )



Natural Numbers
ကို မြန်မာလို သဘာဝကိန်း ဟု ခေါ်ပါတယ် ။
Natural Numbers တွေကတော့.... 1, 2, 3 , 4 , 5, ..... စသော ကိန်းများဖြစ်ပါတယ် ။



ရေတွက်ရာတွင် သုံးသောကိန်း ဂဏန်းများဖြစ်၍ ၎င်းတို့ကို ရေတွက်ကိန်းများ
Counting numbers ဟုလည်း ခေါ်ပါတယ် ။

Natural Numbers နှင့် ပတ်သတ်၍ ၊ မကြာမကြာ သဘောထား မရှင်းလင်းသည့်
ကိစ္စရပ်များ ဖြစ်တတ်ပါတယ် ။
ဘာလဲဆိုတော့...
Natural Numbers တွေထဲမှာ သုည ပါသလား ။
သုည ဟာ Natural Numbers ( သဘာဝကိန်း ) ဘာကြောင့်မဟုတ်သလဲ .. ။
Natural Numbers ( သဘာဝကိန်း ) တွေ ပါဝင်တဲ့ အုပ်စုမှာ သုည မပါသင့်ဘူးလား .. ။
စသဖြင့်..............

အကယ်၍ Natural Numbers ( သဘာဝကိန်း ) တွေထဲမှာ သုည မပါဘူးဟု ဖြေလိုက်လျှင် ထိုအဖြေသည်
ပြည့်စုံလုံလောက်သော အဖြေမဟုတ်ပါ ။ အဲ့လို အဖြေကြောင့် နောက်ထပ်
သဘောထားကွဲလွဲမူများ ကိုးလို့ကန့်လှန့် မလိုလားအပ်သော မေးခွန်းများ ထပ်ဖြစ်ပေါ်စေပါတယ် ။
ပြည့်စုံသောအဖြေကတော့.... အခုလောလောဆယ် ပြဌာန်းထားတဲ့စာအုပ်တွေနဲ့ လေ့လာနေတဲ့ စနစ်အောက်မှာ.. Natural Numbers ( သဘာဝကိန်း ) တွေထဲမှာ သုည မပါဘူးလို့ ယူဆထားပါတယ် ။

ဤသို့ဖြေလိုက်လျှင် အခြားမေးခွန်းများ မေးစရာမလိုတော့ပါ ။
ဒီလို ယူဆထားသည်ဟု ဆိုထားမှတော့ သင်္ချာတွင် ဘာကြောင့်ဟူသည်ကို ပြောစရာ မလိုပါ ။
ဒီလိုမယူဆဘဲ ဟိုလိုမယူဆသင့်ဘူးလားဟုလည်း မေးစရာမလိုပါ ။
အကယ်၍ ဤသို့မေးခဲ့လျှင် မေးသူသည် သင်္ချာ၏ သဘောကို မသိသောကြောင့် ဖြစ်ပါလိမ့်မယ် ။

0 comments: