" Mathematics " / ÷ × ½ √ ∞ ≠ ≤ ≥ ≈ ⇒ ± ∈ Δ θ ∴ ∑ ∫ • π ƒ -1 2 3 ..0: Number ဆိုတာဘာလဲ ?

Pages

Saturday, January 23, 2010

Number ဆိုတာဘာလဲ ?

Number ဆိုတာကို သာမန်အရပ်သားများက ဂဏန်းဟု နားလည်ကြတယ် ။
သင်္ချာသမားတွေကတော့.. နားလည်မူအမျိုးမျိုး ကွဲလွဲကြသည် ။
အများစုက Real Number ဟု နားလည်ကြသည် ။
အချို့က 0, 1, 2, 3, 4, 5, ..... စသော ကိန်းများဟု နားလည်ကြတယ် ။


သင်္ချာစာရေးဆရာ E.T..BELL
( Eric Temple Bell )ကမူ
0, 1, 2, 3, 4, 5, .... စသော
ဂဏန်းများဟု နားလည်သည် ။
သူက.. ဤသို့ ရေးခဲ့သေးတယ် ။


All numbers are
interesting.If a number
is not interesting ,
the reason why it is not
interesting will be
interesting .




ဆိုလိုသည်မှာ ဂဏန်း အားလုံးသည် စိတ်ဝင်စားစရာ ကောင်း၏။
အကယ်၍ ဤဂဏန်းတစ်လုံးသည် စိတ်ဝင်စားစရာမကောင်းပါက
ထိုဂဏန်းသည် အဘယ့်ကြောင့် စိတ်ဝင်စားစရာ မကောင်းသည်ဟူသော
အကြောင်းသည် စိတ်ဝင်စားစရာ ကောင်းသည် ။






သင်္ချာပညာရှင် PYTHAGORAS ကမူ ဤကဲ့သို့ ယုံကြည်၏။


Number may be so defined
that the physical universe
can be consistently
described in terms
of numbers .





ဂဏန်းကို စနစ်တကျ
အဓိပ္ပာယ်သတ်မှတ်
လေ့လာခြင်းအားဖြင့်
ဤရုပ်ဝတ္ထုလောကကြီးကို
ဂဏန်းများဖြင့် ဖော်ပြနိုင်သည် ။

ထိုအယူအဆအပြင်........
PYTHAGORAS ဤကဲ့သို့လည်း
ဆိုထားသေးတယ်ဗျ ။

Theory of numbers is the least profitable of all forms of human
knowledge. But by following this path, man can escape the round
of births and re-births.
ဂဏန်းများကို လေ့လာခြင်းသည် ရုပ်ဝတ္ထုအားဖြင့် ဘာမှအမြတ်မရနိုင်သော လမ်းစဉ်
ဖြစ်၏။ သို့သော် ထိုလမ်းစဉ်သည် ဤသံသရာမှ လွတ်မြောက်မူပေးနိုင်သော လမ်းဖြစ်သည်
ဟူ၍ ဖြစ်၏။

0 comments: